naung83 | Date: Wednesday, 2009-01-21, 7:10 AM | Message # 1 |
Admin
Group: Administrators
Messages: 64
Status: Offline
| ဓါတ်ပုံရိုက်ဝါသနာပါတဲ့ ကိုကို မမ များအတွက် ၁။ အားရပါးရပြုံးပြီးအရိုက်ခံတာဟာ အမြဲတမ်းဒီပုံပဲထွက်စေတာမို့ တစ်ပုံနဲ့တစ်ပုံ အပြုံးချင်းမထပ်အောင် ပြုံးနိုင်ရင် အကောင်းဆုံးပေါ့။ ( ယောက်ျားလေးများဆိုရင်တော့ မြို့တော်ခန်းမရှေ့သွားပြီး ဖြတ်သွားဖြတ်လာတွေကို နည်းမျိုးစုံနဲ့ပြုံးပြပြီးလေ့ကျင့်နိုင်ပါ တယ်) ၂။ လက်တွေကို ဘေးနှစ်ဖတ်မှာကပ်ပြီး တောင့်တောင့်ကြီး ရပ်တာထက် ခါးထောက်တာတို့၊ နောက်ပစ်ပြီး ပို့စ်ပေးတာတို့မျိုးလုပ်ရင် သင့်ကို စိတ်ကျဉ်းကျပ်မှုက လွတ်မြောက်စမှာပါ။ (ဖြစ်နိုင်ရင် အေရိုးပစ်လုပ်သလို ပုံစံအမျိုးမျိုး စမ်းကြည့်သင့်ပါတယ်) ၃။ မှန်ရှေ့မှာ ကိုယ်နဲ့လိုက်ဖတ်မယ့် စတိုင်ကို လေ့ကျင့်ပေးပါ။ဒါမှ တကယ်ရိုက်တဲ့အခါ ယုံကြည်မှုရှိမယ်။( ကိုယ့်ကိုယ်တောင် မျက်စိနောက်စေမယ့် စတိုင်တော့ မလုပ်မိစေနဲ့ပေါ့ဗျာ) ၄။ အ၀တ်အစားကို သာမန်ပဲဝတ်ပါ။ မော်ဒယ်မှမဟုတ်တာ။ ဆန်းဆန်းပြားပြားဆိုရင် လိုက်ဖတ်တဲ့အနေအထားကို စဉ်းစားနေရဦးမယ်။ ( ဒီတော့ ရိုးရိုးရှင်းရှင်းဖြစ်အောင် တာဇံလို ၀တ်တာအကောင်းဆုံးပဲ) ၅။ ကင်မရာကို တည့်တည့်ကြည့်တာမျိုးမဖြစ်စေနဲ့၊ ဘေးဘတ်တွေ စောင်းငဲ့ကြည့်ပြီးမှ ကင်မရာဘတ်လှည့်ကြည့်ပါ။ ဒါမှ သဘာဝကျတဲ့ဆွဲဆောင်မှုရမှာ။ ( ဥပမာ။ ။ ခွေးလေခွေးလွင့်တွေ ရှိမရှိကြည့်ပေါ့၊ တော်ကြာ ရစ်သီရစ်သီလာလုပ်နေဦးမယ် ) ၆။ စိတ်တင်းကျပ်မှုမရှိစေပဲ သဘာဝကျကျ သက်တောင့်သက်သာရှိဖို့လိုအပ်ပါတယ်။ ဒါမှ လန်းဆန်းတဲ့ ပုံလေးတွေ ထွက်မှာ။ ( ပိုပြီးလန်းဆန်းချင်ရင်တော့ ရေချိုးပြီးပြီးချင်း အရိုက်ခံတာအကောင်းဆုံးပဲ) ၇။ ရိုက်ပြီးပုံတွေပြန်ကြည့်ပြီးဘယ်ဟာကကိုယ်နဲ့လိုက်တယ်ဆိုတာ ဆန်းစစ်ပါ။ အခြားသူများကိုလည်း ပြပြီး အကြံညဏ်တောင်းပါ။ ( မုန့်တွေဘာတွေလည်း ကျွေးမှပေါ့ )
|
|
| |